About Us     Contact Us
E-mail: [email protected]
Ph: 09-792000046, 09-962042468

About Us

NVL Institute ကို 2010 ခုနှစ်မှစ၍ NVL Training Centre အဖြစ်စတင် တည်ထောင်ခဲ့ပြီး 2016 ခုနှစ်မှစတင်၍ NVL Institute အဖြစ်တိုးချဲ့ ဖွင့်လှစ်တည်ထောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ University of Central Lancashire (UK) တက္ကသိုလ်နှင့် ပူးပေါင်း၍ ကွန်ပျူတာသိပ္ပံဘွဲ့ ကိုလည်းကောင်း၊ အင်္ဂလန်နိုင်ငံ University of West of Scotland (UK)တက္ကသိုလ်နှင့် ပူးပေါင်း၍ စီးပွားရေးစီမံခန့်ခွဲမှု့ဘွဲ့ ကိုလည်း ကောင်းဖွင့်လှစ် သင်ကြားပို့ချ ပေးလျှက်ရှိပါတယ်။ ယခုအခါတွင် University of Plymouth (UK) နှင့် University of Northampton (UK)တို့မှ ပေးအပ်ချီးမြှင့်သော Master of Business Administration (MBA) ဘွဲ့အားစတင်သင်ကြားပေးနေပြီဖြစ်ပါသည်။

NVL Institute သည်အထက်မြန်မာပြည် မန္တလေးမြို့၌ ရှိသော ကျောင်းသားလူငယ်လေးများအား နိုင်ငံတကာအဆင့်မီ ပညာရပ်များကို ပြည်တွင်း၌ပင် ကုန်ကျစရိတ်သက်သာစွာဖြင့် ပညာသင်ယူနိုင်ရန် ရည်ရွယ်ပြီး နောင်လာမည့် အနာဂါတ် မြန်မာနိုင်ငံအတွက် များစွာလိုအပ်လာမည့် အမှန်တကယ်နားလည် တတ်ကျွမ်းသော ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးပညာရှင်များ အားမွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။

NVL Institute တွင်တက်ရောက် ပညာသင်ကြားကြသော ကျောင်းသားလူငယ်များအား ပညာရပ်များကို ဝါရင့်ဆရာကြီး၊ ဆရာမကြီးများမှ   စာတွေ့၊လက်တွေ့ များဖြင့် သင်ကြားပို့ချပေးခြင်းသာမက  ဘက်စုံထူးချွန် ထက်မြက်သော လူငယ်ခေါင်းဆောင်များ ဖြစ်လာစေရန်ရည်ရွယ်ပြီး အကောင်းဆုံးလေ့ကျင့်ပြုစု ပျိုးထောင်ပေးလျှက် ရှိပါတယ်။ NVL Institute မှ အထက်မြန်မာပြည်ရှိ မိဘများအတွက် မိမိတို့၏သား၊သမီး များကို နိုင်ငံတကာအဆင့်မီ ပညာရေးရွေးချယ်ရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး အဆောင်နှင့် ကျောင်းကား ( Ferry) ဝန်ဆောင်မှု့များကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

ကောင်းမွန်မှန်ကန်သော ပညာရေး နှင့် နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့များကို သင်ကြားပို့ချပေးနေသော အထက်မြန်မာပြည် မန္တလေးမြို့ရှိ NVL Institute နှင့် NCC Education (UK) , University of Central Lancashire (UK) ,University of West of Scotland (UK)တို့ပူးပေါင်းဖွင့်လှစ်သော  Year-1 , Year-2 and Final Year  B.Sc (Hons) BCIS ( Final Year Top Up ),BA (Global Business)(Final Year Top Up) ဘွဲ့များကို သင်ကြားပို့ချပေးလျှက်ရှိပါတယ်။

B.Sc (Hons) BCIS နှင့် BA (Global Business) ဘွဲ့ရရှိရန်

– ပထမနှစ်

– ဒုတိယနှစ်

– နောက်ဆုံးနှစ်

စသည်ဖြင့် စုစုပေါင်း (၃) နှစ်တက်ရောက်ရမည်ဖြစ်ပါသည်။

တက်ရောက်နိုင်သော အတန်းများ

  • Level-4 Diploma in Computing (Awarded By: NCC Education, UK)
  • Level-5 Diploma in Computing (Awarded By: NCC Education, UK)
  • Level-4 Diploma in Business (Awarded By: NCC Education, UK)
  • Level-5 Diploma in Business (Awarded By: NCC Education, UK)
  • Sc (Hons) BCIS ( Final Year Top Up ) (Awarded By: University of Central Lancashire )
  • BA (Global Business)(Final Year Top Up) (Awarded By: University of West of Scotland )စသည်တို့အားတက်ရောက်နိုင်ပါသည်။

ယခုအခါတွင် Computing Foundation နှင့် Business Foundation တန်းများအား English စာအမှတ်မပြည့်မှီသူများနှင့် တက္ကသိုလ်ဝင်တန်း မပြီးမြောက်သူများအတွက်ပါ ရည်ရွယ်ပြီးသင်ကြားပေး လျှက်ရှိ ပါသည်။

ကျောင်းသား၊ကျောင်းသူများသည် ၃နှစ်တက်ပြီးမှ ဘွဲ့တစ်ခုတည်းရရှိမည် မဟုတ်ဘဲ စာသင်နှစ် တစ်နှစ်ပြီးတိုင်း UK Diploma ဘွဲ့ကို ရရှိမည်ဖြစ်သည်။

Teaching / Learning Facilities

  • သင်ကြားရေး အတွေ့အကြုံရှိသော ဝါရင့် ကျွမ်းကျင်ဆရာကြီး / ဆရာမကြီးများမှ သင်ကြားပေးခြင်း။
  • ကျောင်းသားတစ်ယောက်ချင်းစီ၏ လိုအပ်ချက်ကို ဂရုစိုက်၍ ပံ့ပိုးသင်ကြားပေးခြင်း။
  • ‌Student Evaluation Form များဖြင့် ကျောင်းသား/ကျောင်းသူများကို အချိန်ပြည့် စဉ်းစား၍ ဂရုစိုက်ထောက်ပံ့ပေးခြင်း။
  • Assignment များ၊ Project များ ကို မိမိ ကိုယ်တိုင်ရေးသားနိုင်ရန် အတွက် သီးသန့် Special Classes အချိန်များထည့်သွင်း၍ သင်ကြားပေးခြင်း။
  • E-Library, Library များထားရှိ၍ ကျောင်းသား/ကျောင်းသူများ လိုအပ်သည့် Updated Reference Books များလေ့လာနိုင်ရန် စီစဉ်ထားခြင်း
  • Reference Book နှင့် Knowledge များလေ့လာနိုင်ရန် Wi-Fi Internet အချိန်ပြည့် အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားခြင်း။
  • ကျောင်းသား/ကျောင်းသူများ၏ Laptop hardware, software error များ (သို့) လိုအပ်သည့် သင်ကြားရေးဆိုင်ရာများကို ကူညီဖြေရှင်းရန်အတွက် IT Support Team စီစဉ်ထားရှိပေးခြင်း။
  • Monthly Subject Related Seminar များပြုလုပ်ခြင်း။ (လစဉ် ဘာသာရပ်တခုချင်းစီနှင့် သက်ဆိုင်သော ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း)
  • Discussion Classes များထားရှိ၍ ကျောင်းသား/ကျောင်းသူများ၏ လိုအပ်ချက်ကို စောင့်ကြည့်ထောက်ပံ့ ပေးနိုင်အောင် စီစဉ်ထားခြင်း။

Software Development စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများအတွက်

  • Practical Dynamic Website
  • Practical (C#, C++, Java Programming)
  • Practical System Analysis Design အချိန်များကို Special Classes အဖြစ် ထည့်သွင်းသင်ကြားပေးခြင်း

Networking ဘာသာရပ်များအတွက် Professional Level Skill ပြည့်ဝစွာ ရရှိစေရန်

  • A+ Special Lab
  • Networking Practical Lab
    • Dell-Rackmount Server များ
    • Fortigate-Firewall များ
    • Cisco-Switch (Layer II, Layer III) များ
    • Cisco-POE Switch များ
    • Cisco-Access Point များ
    • Cisco-Router များ
    • Fluke-Network Tester များ
    • Panduit-Network Accessory Tool များ ဖြင့် ဖန်တီးထားသော နိုင်ငံတကာ (စံချိန်စံညွှန်းများနှင့် ကိုက်ညီသော) Lab Room များတွင် Practically သင်ကြားပေးခြင်း၊
  • NVL Institute သည် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်ရန် နှစ်စဉ် သင်ထောက်ကူ ပစ္စည်းများ နှင့် Practical Training Class များကို ပံ့ပိုးသင်ကြား ပေးသွားမည့် မန္တလေးမြို့၏ တစ်ခုတည်းသော Institute ဖြစ်ခြင်း။

 

Campus Facilities

previous arrow
next arrow
previous arrownext arrow
Slider
  • Fully and Freshly air-conditional Classrooms များဖြင့် သင်ကြားပေးခြင်း။
  • နိုင်ငံတကာအဆင့်မီ သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြားပေးခြင်း။
  • နယ်မှလာတက်သော ကျောင်းသား/ကျောင်းသူများအတွက် Ferry Car ကြို/ပို့ပေးခြင်း နှင့် လုံခြုံစိတ်ချရသော Hostel ထားရှိပေးခြင်း။
  • Sport/Games များကို ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကစားနိုင်ရန် စီစဉ်ထားရှိခြင်း။
  • ကျောင်းသား/ကျောင်းသူများအတွက် Flower Arrangement/ Design Classes များကို ထည့်သွင်းသင်ကြားပေးခြင်း။