About Us     Contact Us
E-mail: [email protected]
Ph: 09-792000046, 09-962042468

About Us

NVL Institute ၏ ခြေလှမ်းအစမှာ ၂၀၁၀ ခုနှစ်၊ နှစ်ဦးပိုင်းတွင် NVL Training Center အဖြစ် အစပျိုးတည်ထောင်ခဲ့ပြီး၊ ကွန်ပျူတာဘာသာရပ်များနှင့် စီးပွားရေးပညာ၊ စာရင်းအင်းပညာရပ်များကို သက်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပို့ချ ပေးခဲ့ပါသည်၊၊

၂၀၁၅ ခုနှစ်မှ စ၍ နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလန်နိုင်ငံ၏ ပညာရေးအဖွဲ့အစည်းဖြစ်သော NCC Education နှင့် ချိတ်ဆက်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင် NVL Institute အဖြစ်တိုးချဲ့ တည်ထောင်ခဲ့ပါသည်။ ထိုပူးပေါင်းမှုနှင့်အတူ ကွန်ပျူတာ နှင့် စီးပွားရေးဆိုင်ရာ ပထနှစ် ဒီပလိုမာသင်တန်းများ၊ ဒုတိယနှစ် အဆင့်မြင့် ဒီပလိုမာ သင်တန်းများကို အသီးသီး သင်ကြားပို့ချပေးလျှက် ရှိပါသည်။ ထို့အပြင် ကွန်ပျူတာဘာသာရပ်အတွက် University of Central Lancashire တက္ကသိုလ်မှ ချီးမြှင့်သော ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း နှင့် စီးပွားရေးဘာသာရပ်အတွက် University of the West of Scotland တက္ကသိုလ်မှ ချီးမြှင့်သော စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ သင်တန်းကိုပါ ဖွင့်လှစ်သင်ကြားပေး လျှက်ရှိပါသည်။ ဆက်လက်၍ ဘွဲ့လွန်သင်တန်းများ၊ မဟာဘွဲ့သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် အစီအဉ်များ ရေးဆွဲ အကောင်အထည်ဖော်လျှက်ရှိပါသည်။

ကျောင်းသား ကျောင်းသူများ စာတွေ့ လက်တွေ့ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ကြစေရန် သာမက စဉ်းစားတွေးခေါ်မှု စွမ်းရည်၊ ဖန်တီးနိုင်မှု စွမ်းရည်၊ စုပေါင်းလုပ်ဆောင်နိုင်မှု စွမ်းရည်များ ပြည့်၀စေလျက် အနာဂတ်လူ့ ဘောင်လောကတွင် ဘက်စုံထူးချွန်ထက်သော လူငယ်ခေါင်းဆောင်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျွန်ုပ်တို့ NVL Institute မှ အကောင်းဆုံးလေ့ကျင့် ပျိုးထောင်ပေးလျှက်ရှိပါသည်။

ပညာရေးကို အမှန်တကယ် စိတ်ဝင်စားပြီး၊ ကြိုးစားအားထုတ်လိုသော ကျောင်းသား၊ ကျောင်းသူများကို ကျွန်ုပ်တို့ NVL Group နှင့်အတူ အကောင်းဆုံးသော ပညာရေးပန်းတိုင်ဆီသို့ အောင်မြင်စွာ ချီတက်ရန် ဆန္ဒပြုဖိတ်ခေါ်ပါသည်။

UK မှ တိုက်ရိုက်ချီးမြှင့်မည့် နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ နှင့် စီးပွားရေး စီမံခန့်ခွဲမှုဘွဲ့များကို မန္တလေးမြို့ရှိ NVL Institute တွင် တက်ရောက် သင်ကြားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း (သို့) IGCSE အောင်မြင်ထားပြီး ပြည်တွင်းပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်း အကောင်းဆုံး ကွန်ပျူတာပညာရှင် နှင့် စီးပွားရေး ပညာရှင် ဖြစ်လိုသူများ လျှောက်ထားနိုင်ပါသည်။ ပထမနှစ် အောင်မြင်ပြီးပါက အင်္ဂလန်နို်ငငံရှိ တက္ကသိုလ်များ၏ ပထမနှစ်နှင့် ညီမျှသော NCC Education (UK) မှ တိုက်ရိုက်ချီးမြှင့်သည့် နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်သည်။ ဒုတိယနှစ် အောင်မြင်ပြီးပါက အင်္ဂလန်နို်ငငံရှိ တက္ကသိုလ်များ၏ ဒုတိယနှစ် နှင့် ညီမျှသော NCC Education (UK) မှ တိုက်ရိုက်ချီးမြှင့်သည့် နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်သည်။

နောက်ဆုံးနှစ် တစ်နှစ်ကို ပြည်တွင်းရှိ NVL Institute ၌ တက်ရောက်၍ University of Central Lancashire မှ ပေးအပ်ချီးမြှင့်သည့်  B.Sc (Hons) Business Computing and Information System ဘွဲ့ကို လည်းကောင်း၊

University of the West of Scotland မှ ပေးအပ်ချီးမြှင့်သည့် B.A (Global Business) ဘွဲ့ကို လည်းကောင်း ရယူနိုင်ပါသည်။

ထို့အပြင် UK, USA, Australia, Singapore စသော နိုင်ငံတကာရှိ တက္ကသိုလ်ကြီးများသို့ သွားရောက်၍ B.Sc (Hons) Computing  နှင့် B.A (Global Business) ဘွဲ့များကိုလည်း ရယူနိုင်ပါသည်။

Teaching / Learning Facilities

  • သင်ကြားရေး အတွေ့အကြုံရှိသော ဝါရင့် ကျွမ်းကျင်ဆရာကြီး / ဆရာမကြီးများမှ သင်ကြားပေးခြင်း။
  • ကျောင်းသားတစ်ယောက်ချင်းစီ၏ လိုအပ်ချက်ကို ဂရုစိုက်၍ ပံ့ပိုးသင်ကြားပေးခြင်း။
  • ‌Student Evaluation Form များဖြင့် ကျောင်းသား/ကျောင်းသူများကို အချိန်ပြည့် စဉ်းစား၍ ဂရုစိုက်ထောက်ပံ့ပေးခြင်း။
  • Assignment များ၊ Project များ ကို မိမိ ကိုယ်တိုင်ရေးသားနိုင်ရန် အတွက် သီးသန့် Special Classes အချိန်များထည့်သွင်း၍ သင်ကြားပေးခြင်း။
  • E-Library, Library များထားရှိ၍ ကျောင်းသား/ကျောင်းသူများ လိုအပ်သည့် Updated Reference Books များလေ့လာနိုင်ရန် စီစဉ်ထားခြင်း
  • Reference Book နှင့် Knowledge များလေ့လာနိုင်ရန် Wi-Fi Internet အချိန်ပြည့် အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားခြင်း။
  • ကျောင်းသား/ကျောင်းသူများ၏ Laptop hardware, software error များ (သို့) လိုအပ်သည့် သင်ကြားရေးဆိုင်ရာများကို ကူညီဖြေရှင်းရန်အတွက် IT Support Team စီစဉ်ထားရှိပေးခြင်း။
  • Monthly Subject Related Seminar များပြုလုပ်ခြင်း။ (လစဉ် ဘာသာရပ်တခုချင်းစီနှင့် သက်ဆိုင်သော ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း)
  • Discussion Classes များထားရှိ၍ ကျောင်းသား/ကျောင်းသူများ၏ လိုအပ်ချက်ကို စောင့်ကြည့်ထောက်ပံ့ ပေးနိုင်အောင် စီစဉ်ထားခြင်း။

Software Development စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများအတွက်

  • Practical Dynamic Website
  • Practical (C#, C++, Java Programming)
  • Practical System Analysis Design အချိန်များကို Special Classes အဖြစ် ထည့်သွင်းသင်ကြားပေးခြင်း

Networking ဘာသာရပ်များအတွက် Professional Level Skill ပြည့်ဝစွာ ရရှိစေရန်

  • A+ Special Lab
  • Networking Practical Lab
    • Dell-Rackmount Server များ
    • Fortigate-Firewall များ
    • Cisco-Switch (Layer II, Layer III) များ
    • Cisco-POE Switch များ
    • Cisco-Access Point များ
    • Cisco-Router များ
    • Fluke-Network Tester များ
    • Panduit-Network Accessory Tool များ ဖြင့် ဖန်တီးထားသော နိုင်ငံတကာ (စံချိန်စံညွှန်းများနှင့် ကိုက်ညီသော) Lab Room များတွင် Practically သင်ကြားပေးခြင်း၊
  • NVL Institute သည် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်ရန် နှစ်စဉ် သင်ထောက်ကူ ပစ္စည်းများ နှင့် Practical Training Class များကို ပံ့ပိုးသင်ကြား ပေးသွားမည့် မန္တလေးမြို့၏ တစ်ခုတည်းသော Institute ဖြစ်ခြင်း။

 

Campus Facilities

previous arrow
next arrow
previous arrownext arrow
Slider
  • Fully and Freshly air-conditional Classrooms များဖြင့် သင်ကြားပေးခြင်း။
  • နိုင်ငံတကာအဆင့်မီ သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြားပေးခြင်း။
  • နယ်မှလာတက်သော ကျောင်းသား/ကျောင်းသူများအတွက် Ferry Car ကြို/ပို့ပေးခြင်း နှင့် လုံခြုံစိတ်ချရသော Hostel ထားရှိပေးခြင်း။
  • Sport/Games များကို ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကစားနိုင်ရန် စီစဉ်ထားရှိခြင်း။
  • ကျောင်းသား/ကျောင်းသူများအတွက် Flower Arrangement/ Design Classes များကို ထည့်သွင်းသင်ကြားပေးခြင်း။